Post image
Women in Tech Project Phase 2 [Training Program]

"Women in Tech Survey Report"စစ်တမ်းနဲ့ အင်တာဗျူး ဖြေဆိုသူတွေရဲ့ အကြံပြုချက်ကို အခြေခံပြီးတော့ပါ၀င်သူ အဖွဲ့၀င်များ၏ Network နဲ့ လုပ်နိုင်စွမ်းအရသင်တန်း အမျိုးအစား Data Analytic နှင့် Software Engineering Track - ၂ ခု လုပ်ပေးဖို့ အဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်Track တစ်ခုကို၂၀ နှုန်းနဲ့ အယောက် ၄၀ ကို ရွေးချယ်ခဲ့ပြီး။ စစ်တမ်းနဲ့ အင်တာဗျူးမှာ ပါ၀င်ခဲ့သူတွေကို အထူးဦးစားပေးရွေးချယ်ခဲ့ကြပါတယ် သင်တန်းကာလ၊ နေ့ရက် ၊ အချိန်အနေနှင့်၂၀၂၃ မေလမှ ဇူလိုင်လ အထိ Track တစ်ခုစီအတွက် သင်တန်းပေါင်း ၁၂ ခုကို နိုင်ငံတကာမှ ပညာရှင်များနှင့် ပြည်တွင်း ပညာရှင်များမှ အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း သင်ကြား ေ၀မျှပေးသွားပြီး ။ သင်တန်းတစ်ခုချင်းအတွက် ကြာချိန်ကို ပျမ်းမျှ တစ်နာရီခွဲ သတ်မှတ်ထားပြီး မြန်မာ စံတော်ချိန် ညနေ ၇ နာရီမှ ၈ နာရီ ခွဲအထိ ကျင်းပခဲ့ပါတယ်Tech & Transfer skill ကို တပတ်စီ အလှည့်ကျ စီစဉ်ပေးခဲ့ကြပြီး သင်တန်းအမျိုးအစားကို ပုံပါ ဇယားမှာ အသေးစိပ် ကြည့်နိုင်ပါတယ်။commitmentအနေနှင့် သင်တန်းကို တတ်ရောက်ဖို့ စာရင်း ပေးသူ အမျိုးသမီးများအနေနဲ့ ၃ လ တာ သင်တန်းအားလုံးကို တတ်ရောက်ရမှာ ဖြစ်ပြီး သင်တန်း ၃ လတာကာလကို မပျက်မကွက် တတ်ရောက်သူများကို သင်တန်းဆင်း လက်မှတ် ပေးအပ် သွားမှာ ဖြစ်ပါတယ်။ သင်တန်း တွေက တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေမှာဖြစ်လို့ သင်တန်း ၁၂ ခုလုံးကို မပျက်မကွက် တတ်ခြင်းအားဖြင့် သင်တင့်တဲ့ နည်းပညာနဲ့ Network တစ်ခု ရရှိသွားမယ်လို့ ယုံကြည်ပါတယ်။

110 views | Author KhineZarThwe | Sept. 27, 2023, 5:25 p.m.