

Whats are Challenges for Myanmar Women in Tech
Women in AI (Myanmar) အဖွဲ့အစည်းနဲ့ Myanmar Data Tech Team တို့ပူးပေါင်းပြီး “Women in Tech Survey Report“ တစ်ခုကို၂၀၂၂ နှစ်ကုန်ပိုင်းမှစပြီး ပြုလုပ်ခဲ့ကြပါတယ်။ စစ်တမ်းမှကောက်ယူတွေ့ရှိချက်များကို ၂၀၂၃ မတ်လမှာ ကျရောက်မယ့် International Women’s Day အထိမ်းအမှတ်အနေနဲ့ ဖော်ပြသွားမှာဖြစ်ပါတယ်။ရှာဖွေတွေ့ရှိချက်များထဲမှတစ်ခုကတော့၇၄ ရာခိုင်နှုန်းသော အမျိုးသမီးများက မိမိကို ဦးဆောင် လမ်းပြပေးနိုင်မယ့် mentor လိုအပ်ခြင်းကို တွေ့ကြုံနေရတယ်ဆိုတာဖြစ်ပါတယ် ။ ဒီတွေ့ရှိချက်က နည်းပညာလောကမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အခက်အခဲတွေကို စစ်တမ်းကောက်ယူထားမှုကနေ တွေ့ရှိရတာဖြစ်ပါတယ်။ ဒီစစ်တမ်းကောက်ယူမှုကိုတော့ Dr Myo Thida(Parami University/ CMU, Thailand) and Dr. Amanda Landi(Bard College at Simon’s Rock) တို့မှ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။
စစ်တမ်းကောက်ယူမှုမှ လေ့လာတွေ့ရှိချက်များကို လာမယ့် မတ်လ ၈ ရက်နေ့ ည မြန်မာစံတော်ချိန် ၇ နာရီမှာ ဝေမျှပေးခဲ့ကြပါတယ်
173 views | Author KhineZarThwe | Sept. 27, 2023, 5:21 p.m.