Higher Education Gap in Digital Space
မြန်မာနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် လူငယ်များ၏ အနာဂတ်ပညာရေးသည် လက်ရှိကာလတွင် မျှော်လင့်ချက် ပျောက်ဆုံးနေဆဲဖြစ်ပါသည်။ အချို့သော ငွေကြေးတတ်နိုင်သည့် ကျောင်းသားများမှာ ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံခြားရှိ တက္ကသိုလ်ကျောင်းများတွင် ဆက်လက် ပညာသင်ယူနိုင်ခဲ့သော်လည်း သာမန်ကျောင်းသား အများစုသည် ပညာသင်ကြားရေးအတွက် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရ သည့်အတွက် ပညာရေးနိမ့်ကျမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ ထို့ကြောင့် Myanmar Data Tech Team ၏ ဒုတိယမြောက် ခြေလှမ်းအဖြစ် “Higher Education Gap in Digital Space” ဆိုသော ခေါင်းစဥ်ဖြင့် တိုင်းနှင့် ပြည်နယ် ဒေသအသီးသီးမှ လူငယ်များ အွန်လိုင်းမှတစ်ဆင့် ပညာဆက်လက်သင်ယူရတွင် ရင်ဆိုင် ကြုံတွေ့နေရသည့် အခက်အခဲ နှင့် စိန်ခေါ်မူများအား သုတေသနစာတမ်း ရေးသားနိုင်ရန် ကြိုးစား အားထုတ်ခဲ့ပါသည်။ ထို့အပြင် ပညာရေး အဆက်ပြတ်နေသည့် လူငယ်များ ဆက်လက် ပညာသင်ကြား နိုင်ရန် အွန်လိုင်းမှ တစ်ဆင့် ပညာရေး ဝန်ဆောင်မှု ပေးနေသည့် အဖွဲ့အစည်းများ၏ စိန်ခေါ်မူများကိုလည်း စာတမ်းတွင် ထည့်သွင်း ဖော်ပြနိုင်ရန် ကြိုးစားအားထုတ်ခဲ့ပါသည်။
834 views | Author KhineZarThwe | Sept. 27, 2023, 5:37 p.m.