Challenges to Opportunities
ဒီဇင်ဘာလ ၂၀၂၂ မှ စတင်ပြီး ကောက်ယူခဲ့တဲ့ Women in Tech Challenges (နည်းပညာ လုပ်ငန်းခွင်မှ မြန်မာ အမျိုးသမီးများ၏ အခက်အခဲများ) ကို ၂၀၂၃ မတ်လ (၈) ရက် – ကမ္ဘာ့ အမျိုးသမီးများနေ့မှာ ၀ေမျှခဲ့ကြတာ အားလုံး မှတ်မိ ကြအုန်းမယ် ထင်ပါတယ်။အဲ့ဒီကနေ နည်းပညာလောကက မြန်မာ အမျိုးသမီးများရဲ့ အခက်အခဲကို တဖက်တလမ်းမှ ကူညီ ဖြည့်ဆည်း ပေးတဲ့ အနေနဲ့ WiT Phase 2 Training Workshop Series ကိုတော့ နိုင်ငံတကာနဲ့ မြန်မာပြည်တွင်းမှ Experts များနဲ့ အတူ ၃ လ တာ သင်ကြားပေးခဲ့ပြီး ဇူလိုင်လ ၁၉ ရက်နေ့မှာ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပါတယ်။ WiT Phase 2 Training Workshop Series ကို အမျိုးသမီး ၃၈ ဦး တတ်ရောက်ခဲ့ကြပြီးဒီသင်တန်းမှ ၁၂ ဦးနဲ့ Volunteer ၆ ဦး ကို How She did it ရဲ့ ပံ့ပိုးမှုနဲ့ အတူ Guided Project + Career Coaching ကို သြဂုတ်လနဲ့ စက်တင်ဘာလမှာ ပြုလုပ်ပေးခဲ့ကြပါတယ်။ဒီ အမျိုးသမီး - ၁၈ ဦးရဲ့ လုပ်ဆောင်ထားတဲ့ Project များကို စက်တင်ဘာလ - ၃၀ ရက်နေ့မှာ အားလုံးနဲ့ အတူ ၀ေမျှပေးမှာ ဖြစ်ပါတယ်။အခက်အခဲတွေကို အခွင့်အရေး အဖြစ် သူမတို့ ဘယ်လို ပြောင်းခဲ့ကြသလဲ ဆိုတာ နားထောင်ရင်းသူမတို့ လုပ်ဆောင်ထားတဲ့ Data Project / Software Project တွေကို လေ့လာကြည့်ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။
Event Title: "Challenges to Opportunities" အခက်အခဲမှသည် အခွင့်အရေးသို့
Event Schedule:
Time: 7:00 PM to 8:30 PM
Registration: https://www.eventbrite.ca/.../challenges-to-opportunities..
165 views | Author moemoe | Sept. 27, 2023, 5:37 p.m.